Pages

Sep 3, 2010

Siktui: Gmail Back-Up (Or) POP Forwarding

Siktui: Gmail Back-Up (Or) POP Forwarding: "A masa penin na gmail backup bawl nadingin gmail thak/dang khat kisam hi. (Gtn: tu aa mail na neih pen penglam@gmail.com, ci pak leng, tua ..."

Siktui: Thangho Leh Liando Tangthu

Siktui: Thangho Leh Liando Tangthu: "Thangho leh Liandote unau neucik ahih lai-un apa un sihsanin tagah suak uh hi. Apa uh omlohzawh unaute neucik hi mah leh, a nu uh pen a mai..."

Hack Car


ယနေ့ခေတ်ကာလမှာ ကွန်ပျူတာတစ်လုံးရဲ့စနစ်ကို နှောက်ယှက်ချိုးဖောက်မှု hacking ဆိုတဲ့စကားလုံးကို အများစုကတော့ အကျွမ်းတ၀င်ဖြစ်နေပါပြီ။ အခုတော့ အဲဒီလိုကွန်ပျူတာတွေကို hacking လုပ်တာဟာ မကြာမီအနာဂတ်ကာလမှာတော့ ကားတွေကို hacking လုပ်တဲ့အဆင့်ကို ကူးပြောင်းသွားပါတော့မယ်။
ဝါရှင်တန်တက္ကသိုလ် University of Washington နဲ့ ကာလီဖိုးနီးယားတက္ကသိုလ် (ဆန်ဒီယာဂို) University of California at San Diego မှသုတေသီတွေဟာ မကြာမီကပဲ ကားနှစ်စီးကို အဝေးကနေ ဘရိတ် Lock ချနိုင်၊ အင်ဂျင်နဲ့ကားတံခါးတွေကိုပိတ်နိုင်ပြီး၊ အရှိန်ပြမီတာ speedo meter ရဲ့ပြကွက်ကိုပါ ပြောင်းလဲနိုင်တဲ့ hacking စွမ်းရည်ကိုပြသခဲ့ပါတယ်။ ၎င်းတို့ဟာ ယခုလိုကားတွေကို hacking လုပ်နိုင်ဖို့အတွက် ကားတစ်စီးမှာရှိတဲ့ electronic control system နဲ့ laptop တစ်လုံးကိုဆက်သွယ်ထားပြီး၊ အဲ့ဒီကွန်ပျူတာကို အခြားကားတစ်စီးပေါ်ကနေ ဒုတိယကွန်ပျူတာကိုသုံးပြီးထိန်းချုပ်တာ hacking လုပ်တာပါပဲ။ ၎င်းပညာရှင်များရဲ့ သုတေသနစာတမ်းကို ယခုအခါ အောက်ကလန်မှာပြုလုပ်တဲ့ IEEE Symposium On Security and Privacy ဆွေနွေးပွဲမှာ တင်ပြခဲ့ပါတယ်။ ဒီ့အတွက်ကြောင့် ကာလီဖိုးနီးယားတက္ကသိုလ် (ဆန်ဒီယာဂို) ကပညာရှင် စတီဗင်ဆဗေ့ခ်ျနဲ့ ၀ါရှင်တန်တက္ကသိုလ်မှပညာရှင် တာဒါယိုရှီခိုနိုင်တို့နဲ့တွေ့ဆုံကာ ၎င်းတို့ရဲ့စမ်းသပ်မှုတွေအကြောင်း မေးမြန်းခဲ့ပါတယ်။

ဘတပြန် ကျားတပြန် တရုတ်နှင့် အမေရိကန်ကြားက မြန်မာ အမြတ်ရမည်လော


ဘတပြန် ကျားတပြန် တရုတ်နှင့် အမေရိကန်ကြားက မြန်မာ အမြတ်ရမည်လော


ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲသွားတော့ ကမ္ဘာပေါ်မှာ စူပါ,ပါဝါ အဖြစ် အမေရိကန်နိုင်ငံပဲ ထီးထီးကြီး ကျန်ရစ်ပါတော့တယ်။ ပထမ အီရတ်စစ် အပြီးမှာ အမေရိကန်ရဲ့ စစ်ရေး အောင်မြင်မှုကြောင့် တဆင့်မြှင့်ကာ အမေရိကန်နိုင်ငံကို ဟိုင်ပါ,ပါဝါ (Hyper-Power) လို့တောင် တင်စားခဲ့ကြပါတယ်။ ဒုတိယ အီရတ်စစ်ပွဲနဲ့ အာဖဂန် စစ်ပွဲတွေမှာ အမေရိကန်စစ်တပ် အထိနာမှ တဆင့်ပြန်နိမ့်ကျ သွားပါတယ်။ တချိန်က ဆိုဗီယက်နဲ့ အမေရိကန် စစ်အေးတိုက်ပွဲမှာ အားပြိုင်ခဲ့ကြတယ်။ စစ်ရေးအရတော့ ဆိုဗီယက်တွေဟာ စူပါ,ပါဝါ ပဲ။ 

အင်္ဂလိပ်နဲ့ အမေရိကန် နိုင်ငံတို့ဟာ နှစ်ပေါင်းများစွာ ကမ္ဘာကို အုပ်စီး ဗိုလ်ကျခဲ့တာကြောင့် တခြား လူမျိုးတွေရဲ့ မျိုးချစ် စိတ်ဓါတ်ကို နားမလည်ကြဘူး။
ခေါင်းဆောင်ကြီးတွေ စစ်အင်အားပြဖို့ စစ်တပ်ကို ထူထောင်တယ်ဆိုတာ တကယ်တော့ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ရှေ့မှာ စစ်သားတယောက် သေနတ်ကိုင် တိုက်နိုင်ဖို့ နောက်က လူ ၄၊ ၅ ယောက် ပံ့ပိုးရပါတယ်။ ထမင်းချက် ကျွေးမယ့်သူ၊ စစ်ပစ္စည်း ကားမောင်း ပို့မယ့်သူ၊ စစ်လက်နက် ထုတ်လုပ်ဝယ်ယူသူ၊ စစ်လက်နက် ထိန်းသိမ်းရသူ၊ အကျွမ်းအဝင်ဖြစ်အောင် သင်ကြားရသူ (Logistic, maintenance & training ကိုဆိုချင်တာပါ)။ ဒါတွေရေရှည် ထိန်းနိုင်ဖို့ ငွေလိုပါတယ်။ တိုင်းပြည်တပြည်အတွက် ငွေရှိဖို့ဆိုတာ တိုင်းပြည်စီးပွားရေးကို နိုင်အောင်ကိုင်နိုင်ဖို့ လိုပါတယ်။ ဆိုဗီယက် ကွန်မြူနစ်တွေဟာ အပြင်က ဟန်နဲ့ စစ်ရေးပြနေပေမယ့် အတွင်းက ဟောင်းလောင်းဖြစ် နေတာမို့ ဆိုဗီယက်နိုင်ငံဟာ ကွန်မြူနစ် စံနစ်နဲ့အတူ ကျဆုံးခဲ့ရပါတယ်။ မြန်မာဗိုလ်ချုပ်တွေ သတိပြုမိပါစ။ 

The DongFeng 21 (DF-21, NATO code name: CSS-5)
The DongFeng 21 (DF-21, NATO code name: CSS-5)
မာ့က်စ်စင်ဇင် Marxism ဆိုတာတကယ်တော့ Idealism လို့ခေါ်တဲ့ စိတ်ကူးယဉ် ဝါဒ တရပ်ပါပဲ။ မာ့က်စ် စိတ်ကူးယဉ်ခဲ့တဲ့ ဆိုရှယ်လစ် စီးပွားရေး စံနစ်ကို အပြိုင် ဖော်ဆောင်လိုက်ကြတာ ကွန်မြူနစ် နိုင်ငံတိုင်း မွဲပြာကျ ကုန်းကောက်စရာ မရှိအောင် မွဲတေခဲ့ကြတယ်။ 

တရုတ်ပြည်ကြီးမှာလည်း ရှေ့သို့ ခုန်ပြန်ကျော်လွှား (The great leap forward) ဆိုတဲ့ စီမံကိန်းကြီးကို မော်စီတုံး စိတ်ကူးပေါက်ရာ လုပ်လိုက်တာ လူတွေ သန်းနဲ့ချီပြီး ငတ်သေ တိုင်းပြည်လည်း မွဲတေကုန်ကြရတယ်။ ဒီအမှားက တိုင်းပြည်ကို ဆွဲထုတ် ကယ်တင်ရာမှာ တိန်လျောက်ပိန် ဟာ ထိပ်ဆုံးက ပါခဲ့တယ်။ ဒါကြောင့် တိန်လျောက်ပိန်ဟာ စီးပွားရေး မအောင်မြင်ဘဲ ဘယ်နိုင်ငံမှ မတိုးတက်နိုင်ဘူး ဆိုတာကို သဘောပေါက်ခဲ့ပြီး တရုတ် ပြည်ကြီးမှာ တံခါးဖွင့် ပေါ်လစီကို ကျင့်သုံးကာ ဈေးကွက် စီးပွားရေးကို အကောက်အထည် ဖေါ်ခဲ့ပြန်တယ်။ 

မျက်မှောက် မြန်မာနဲ့ ပညာရေး

မျက်မှောက် မြန်မာနဲ့ ပညာရေး



လူတွေပိုင်ဆိုင်တဲ့ အဖိုးထိုက်ရတနာတွေထဲမှာ ပညာနဲ့ ပညာရေးဟာ တန်ဖိုးအရှိဆုံး၊ လူတွေကို အကူညီ ပေးနိုင်ဆုံး  ထက်မြက်ဆုံး၊ တန်ခိုးအရှိအကြီးဆုံး၊ ဒါကြောင့် အရေးကြီးဆုံးဆိုတာ ထာဝစဉ်မှန်တဲ့ အကြောင်း ဆိုပေမဲ့ အခုခေတ်မှာတော့ ပိုလို့မှန်ပါသေးတော့တယ်။ ပညာတတ်မှုရဲ့ တန်ခိုးအာဏာနဲ့ ဘဝရဲ့ ဘက်စုံမှာ သက်ရောက်တဲ့ ဩဇာလွှမ်းမိုးမှုဟာလည်း ၁ဝ-၁၅နှစ်နဲ့တောင် မတူတော့ပါဘူး။ အရှိန်အဝါ ပိုတက်လာပါပြီ။ ပညာတတ်သူနဲ့ မတတ်သူ နည်းပညာပိုင်းမှာ ကျွမ်းကျင်သူနဲ့ မကျွမ်းကျင်သူရဲ့ ဘဝနောင်ရေးဟာ တကယ်ကွာတာပဲ။ ပညာမတတ် ကျွမ်းကျင်မှု (Technology) မကျွမ်းကျင်တဲ့ သူတွေကတော့ လူ့အလွှာရဲ့ အောက်ဆုံးကနေ အထက်တက်လာဖို့ သိပ်မမြင်ဘူး။ ဒါလူတိုင်း အသိဖြစ်မှာပါ။ ဒီဖြစ်ရပ်ရဲ့ အခြေခံ အကြောင်းကတော့ ကမ္ဘာမှာ သိစရာ၊ မှတ်စရာ၊ တတ်စရာတွေ နေ့မခြား တိုးပွားနေတာနဲ့ ဒီတိုးတက်မှုတွေ ပညာအသိတွေကို ဘဝအတွေ့ ကိုယ်တွေ့၊ လက်တွေ့မှာ အသုံးချနိုင်အောင် အချိန်မီ အကောင်အထည်ဖေါ်ပေး တီထွင်ပေးနေတာ တကြာင်းကြောင့်ဖြစ်တယ်။ အခု ကမ္ဘာ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာမှာ လူမှုအဖွဲ့အစည်းရဲ့ ကဏ္ဍပေါင်းစုံ လူမှုရေး၊ နေ့စဉ်သွားလာနေထိုင်ရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ ချောမွေ့ အောင်မြင်ဖို့အရေး ဒီ (knowledge) ပညာရေးအပေါ်မှာ တည်နေတယ်။ ဒီအသိပညာ (knowledge) ကို အခြေခံပြီး လိုအပ်လာတဲ့ ပြောင်းလဲ ပြုပြင်စရာတွေကိုလည်း လုပ်ပေးရပါမယ်။ ယဉ်ကျေးမှုအစဉ်အလာနဲ့ လူနေမှုစရိုက်ဟန်ပန်၊ (lifestyle) ဆိုတာကလည်း (knowledge-base) ပညာအရင်းခံဖြစ်ရပ်တခုပါ။ တိုးပွား ပြောင်းလဲလာတဲ့ အကြောင်းအခြင်းအရာကနေ တဆင့်ခံပြီး ဖြစ်ထွန်းလာတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းရှိ လူအားလုံးတို့ဟာ အသိပညာ တိုးပွားကြီးလာမှု၊ ချဲ့ထွင်ကျယ်ပြန့်လာမှုနဲ့ မသက်ဆိုင် မပတ်သက်ပါဘူးလို့ ပြောနိုင်သူ ဘယ်သူမှ မရှိတော့ပါဘူး။